Sunday, August 15, 2010

လေညှင်း

မင်းမူတဲ့စိတ်
စေစားရာအရပ်က
ဖုန်ထူထူကန္တာရထဲ
အပြုံးချင်းဖလှယ်ရင်း
နင်နဲ့ငါအတူသွားတော့....
အို!
တနေ့ထက်တနေ့
ပိုပိုပူလာ
တေးသွားတွေတစ်ပုဒ်ပြီးတစ်ပုဒ်
ပြိုင်တူရွတ်ဆိုကြ
နေပြင်းပြင်းထဲ
လေညှင်းလေးတစ်ချက်ဝှေ့တော့....
နင်နဲ့ငါပြိုင်တူပြုံးမိကြတယ်
ဟိုး အတိတ်က အကြွေး.....




1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲ
ရှိသမျှအကြွေးတွေအကုန်ဆပ်ပြီး ကန္တာရထဲက ထွက်ခဲ့တော့.....