Sunday, August 01, 2010

တောင်ကြီး နဲ့ မော်လမြိုင်အမှတ်တရ

လူတိုင်းမှာ မိမိရဲ့အောက်မေ့တသ သတိရစရာနေရာလေးတွေ နယ်မြေလေးတွေ ရှိကြမှာပါ။ ကျွန်မအတွက်လည်း တောင်ကြီးမြို့နဲ့ မော်လမြိုင်မြို့ဟာ အမှတ်တရ သတိရစရာနေရာတွေပါ။



အခုတော့ ကျွန်မ ၁၉၈၈ ကနေ ၂၀၀၄ အထိ နေထိုင်ခဲ့ရာ မော်ရွှေမြိုင်မြို့အမှတ်တရအဖြစ် ဒီသီချင်းလေးကို မျှဝေလိုက်တာပါ။ မော်လမြိုင်မြို့ရဲ့ အထင်ကရ အမှတ်ရစရာနေရာလေးတွေအားလုံးနီးပါး ဒီသီချင်း MTV လေးကိုကြည့်ရင်း စိတ်ကူးနဲ့ လည်ကြည့်ကြရအောင်လားရှင်။

တောင်ကြီးမြို့ အမှတ်တရ







ဒါကတော့ တောင်ကြီးမြို့ရဲ့ အထင်ကရ မီးပုံပျံပွဲတော်အကြောင်း သီဖွဲ့ဆိုထားတာပါ။ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အလှကို မြင်တွေခံစားကြရမှာပါ။ ကျွန်မရဲ့ ဇာတိမြေဖြစ်တဲ့ တောင်ကြီးမြို့အမှတ်တရအဖြစ်ပါ။ ဒီမီးပုံးပျံပွဲတော်ကျင်းပတဲ့ ကွင်းကြီးနဲ့ မလှမ်းကမ်းက ဗိုလ်ချုပ်ကြေးရုပ်ကြီးကို ကျွန်မငယ်ငယ်တုန်းက မိဘများနဲ့အတူ ရုံးပိတ်ရက်တွေမှာ အမြဲအလည်ရောက်ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်ရဲ့အကြောင်းကိုလည်း ဖေဖေနဲ့မေမေက အမြဲပြောပြခဲ့တာလေ။ ဒီကြေးရုပ်ပန်းခြံနဲ့ မနီးမဝေးက မိခင်နဲ့ကလေး ဆေးရုံကြီးမှာ ကျွန်မကို မေမေက ၁၉၈၁ ခုနှစ် အောက်တိုဘာလ တောင်ကြီးမြို့ရဲ့ သီတင်းကျွတ် ကထိန်ခင်းပွဲတော်မတိုင်မီလေးမှာ မွေးဖွားခဲ့တာပါ။ မီးပုံပျံပွဲဟာ တောင်ကြီးမှာနေခဲ့စဉ် ၁၉၈၂ ကနေ ၁၉၈၈ အထိ ကျွန်မထိတွေ့ခံစားခဲ့ရပါတယ်။ မီးပုံးပျံတွေလွှတ်တဲ့ညပိုင်းတစ်ခင်းလုံး ပွဲခင်းထဲမှာ ကျွန်မဖေဖေနဲ့အတူ ရှူးဒိုင်းလွှတ်ရင်း စောင်ကြည့်ခဲ့ရတာများပါတယ်။ ကျွန်မသိပ်ပျော်ရွှင်ခဲ့ရတဲ့ တောင်ကြီးမြို့မှာခြေချခွင့်ရခဲ့တဲ့ ကာလလေးတွေကို ပြန်မြင်ယောင်ခံစားရင်း ဒီသီချင်းလေးကို မျှဝေဖြစ်တာပါ။ မီးပုံးပျံပွဲခင်းထဲ ဒီသီချင်း MTV လေးကြည့်ရင်း စိတ်ကူးနဲ့အလည်တစ်ခေါက် သွားကြရအောင်လားရှင်။

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

တောင်ကြီးရော မော်လမြိုင်ရော
သဘောကျတဲ့ မြို့ကလေးတွေပါဘဲ
တောင်ကြီးကို သဘောကျတာက တောင်တွေနဲ့ အေးချမ်းလို့
မော်လမြိုင်ကိုတော့ မြစ်ပြင်ကျယ်ကြီးရယ်.. မြစ်ကမ်းဘေးမှာ ထိုင်ရတဲ့ အရသာကို သဘောကျမိလို့.... ဘုရားတွေလဲပေါတယ်..
အဲဒါတွေသဘောကျတယ်.. အစားအသောက်တော့ အထူးမပြောတော့ပါဘူး.. မွန်စာတွေက စားလို့ကောင်းမှကောင်း