Wednesday, August 04, 2010

သစ်ရွက်ခြောက်လား

တစ်ချိန်တစ်ခါ

စိမ်းလန်းခဲ့ဖူးတဲ့ နေ့ရက်တွေရဲ့နောက်ကွယ်က

ဆူးငြှောင့်ခလုတ်များစွာ

ခရာဆူးခြုံတွေထဲက ကန္တာရ အရွက်စိမ်းလေးတစ်ရွက်

ခပ်ပြင်းပြင်းလေကြမ်းတစ်ကြိမ်ရဲ့နောက်

အားမတန်လို့ လိုက်ခဲ့ရတဲ့အဖြစ်လည်း

မကြုံစေချင်ဘူး.....


တစ်ခါတစ်ရံ

ညှိုးနွမ်းခဲ့ဖူးတဲ့ စိတ်ကော်ဇောရဲ့တောက်ပမှုဟာ

ဟန်ဆောင်မာယာများစွာနောက်

သံသယတချို့ထဲက အတ္တစိမ်းစိမ်းလေးအဖြစ်

အာဃာတနွံမှာ နှစ်မြှုပ်လိုက်တဲ့အချိန်

အပြုံးပျောက်လို့ အမုန်းတောက်ရတဲ့အဖြစ်လည်း

မကြုံစေချင်ဘူး....


တစ်ခဏများစွာမှာ

ဥပေက္ခာမျက်လုံးများနဲ့

အဆာမပြေ နှလုံးသားအာဟာရကို

ဆန္ဒများက ဖြည့်ဆည်း

ဝေဝါးသွားတဲ့ဆင်ခြင်တုံအောက်က

သစ်ရွက်ခြောက်တစ်ရွက်အဖြစ်

မြေပေါ်ကြွေမှာလား

လေပေါ် ဝဲရင်း ကြေမွသွားမှာလား?


ကဲ....အသင် 

အသင့်ရဲ့ဆန္ဒအတိုင်းပေါ့

ကိုယ်စောင့်ကြည့်နေမယ်...


3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးကောင်းတယ်
ကဗျာထဲက တစ်စုံတစ်ခု လှမ်းမြင်လိုက်ရသလိုဘဲ..
ဆင်ခြင်တုံတရားဆိုတဲ့ လေပြေနဲ့အတူ ဥပေက္ခပန်းတွေ ဖူးပွင့်ကြစို့ရဲ့...

Han Kyi said...

တစ်ခုခု ရလိုက်သလိုပဲ ရင်ထဲမှာ ဟာတာတာနဲ့...

အဖြူရောင်နတ်သမီး said...

သစ်ရွက်လေးကပြောတယ်...
“........” ပါတဲ့...
စောင့်ရကျိုးနပ်ပါစေ...ညီမလေးရေ...