Sunday, July 26, 2009

၅နှစ်ပြည့်သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်းအထူးထုတ်(အတွဲ၃၊အမှတ်၃)ထွက်ပြီ

၅နှစ်ပြည့် သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်း
အထူးထုတ်(အတွဲ၃၊အမှတ်၃)
ကို ယနေ့
၂၆ရက်,ဇူလိုင်လတွင်ထွက်ပါပြီ။
အထူးထုတ် အမှာစာအောက်တွင် ၅နှစ်ပြည့်
ကျေးဇူးတင်လွှာအဖြစ် ဤသို့ဖော်ပြထားသည်။

“၅ နှစ်ပြည့် ကျေးဇူးတင်လွှာ”
“ကျွန်တော်တို့အတွက် ရုပ်ပြောင် ထိပ်ပြောင်
ပုံများ ဆွဲပေးသော ကာတွန်း ပန်းချီဆရာ
KNT၊ ဒီဇိုင်းများကို မညည်းမညူ ရေးဆွဲ
ပေးသော ကိုဖြိုး၊ရင်ဘတ်ချင်းတူစွာ စီး
ဆင်းခဲ့သော စာရေးသူများ၊ မိတ်ဆွေသူ
ငယ်ချင်းများနှင့် ငါးနှစ်ပြည့်အထိ အစဉ်တစိုက် အားပေးလာကြသော ပရိတ်သတ်များ အပြင် အခြားအခြားသော ကျေးဇူးတင်အပ်သည့် ပုဂ္ဂိုလ်များအားလုံးကို သံလွင်အိပ်မက် ၀ိုင်းတော်သားများက ကျေးဇူးတင်ရှိပါသည်..။”
ဟူ၍ ဖော်ပြထားပါတယ်....

ထို့အပြင် သံလွင်အိမ်မက်တွင် ရေးသားခဲ့ကြ
သော “ကလောင်ရှင်တို့ရဲ့ အမှတ်တရစကား
လေးများ”
ကိုလည်းဖော်ပြထားပါတယ်။

ငါးနှစ်ပြည့်အထူးထုတ်ဖြစ်တဲ့ သံလွင်အိမ်မက်
အင်တာနက်မဂ္ဂဇင်း(အတွဲ-၃၊ အမှတ်-၃) မှာ ကျမ ရေးသားတဲ့"ပေးဆပ်သူများ" ဆိုတဲ့
ဝတ္ထုတိုလေး ရွေးချယ်ဖော်ပြခြင်းခံရတဲ့
အတွက် အတိုင်းမသိပီတိဖြစ်မိပါတယ်.....
ကျမရဲ့ မိတ်ဆွေများအားလုံးလည်း ကျမရဲ့ခံစားချက်စာမူလေးကို မျှဝေခံစားဝေဖန်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေနော်....

“ပေးဆပ်သူများ”

ခပ်ဝေးဝေးကို ကြည့်လိုက်တော့ အုန်းပင်တန်း
နဲ့ဒီရေတောတွေက ဟိုနားဒီနား အစုလိုက်ပေါ့
ခေတ်ကို ကျောခိုင်းထားရတဲ့ ဒီဒေသလေးကို
ကျွန်မ ခြေချဖို့ ဆုံးဖြတ်လိုက်ကတည်းက အ
ခြေအနေအားလုံးကို လက်သင့်ခံမယ်ဆိုတဲ့
စိတ်လေးနဲ့ပါ။ ခေတ်မီတဲ့ အသိုင်းအဝိုင်းတစ်
ခုက သွေးသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရတာမို့
ကျွန်မကတော့ ခေတ်မီအသုံးအဆောင်တွေ
ကို သိပ်ခုံမင်နှစ်သက်သူ တစ်ယောက်။ အထူး
သဖြင့် အခုလို ပင်လယ်ကမ်းခြေ ရွာငယ်တခုမှာ သူတို့ဓလေ့အတိုင်း နေထိုင်နိုင်ဖို့အတွက် သိပ်ကိုခက်ခဲမယ့်သူအဖြစ် အများအမြင်မှာ ထင်မြင်ယူဆခံရမယ့်သူဖြစ်တဲ့ ကျွန်မ၊ ဒီဒေသကို တွဲဖက်မူလတန်းကျောင်းဆရာမလေးအဖြစ် ခြေချမိစေဖို့ အဓိကအကြောင်းကတော့.......<<ဆက်ဖတ်ရန်>>




2 comments:

ဒီရေ said...

သံလွင်အိမ်မက် ၅ နှစ်ပြည့် အထိမ်းအမှတ်လေး လာဖတ်သွားပါတယ်...

ရောက်ပါတယ်... အိမ်သစ်ပြောင်းသွားတာတောင် မသိလိုက်ဘူး... မရောက်တာတောင် ကြာသွားတယ်... ဒီအိမ်လေး လှတယ်... အားပေးလျက်ပါ..

cbox မှာရေးလို့ မရလို့... ဒီမှာ ကွန်မန့်ပေးရင် ရေးလိုက်ရတာပါ...

pandora said...

ဝတ္ထုလေးကို ဖတ်ဖြစ်ပါတယ်။
လက်ရေးလှသလို စာရေးကောင်းသူပဲ။
အားပေးနေပါတယ်။