
မိုးဖွဲဖွဲရွာနေတဲ့ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ နံနက် ၁၀း၃၇ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ
အာဇာနည်ကိုးဦးလုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်ကို ကျမမေမေက ကျမငယ်စဉ်ကလေးဘဝမှာ အာဇာနည်နေ့
ရောက်တိုင်း ပုံပြင်တစ်ပုဒ်လို တတွတ်တွတ်ပြောပြခဲ့တာပါ။ ကျမလည်း ငယ်ငယ်ကတည်းက မေမေ့ကျေးဇူး
ကြောင့်အာဇာနည်နေ့အကြောင်းသိခွင့်ခံစားခွင့်ရခဲ့တာယနေ့ထက်တိုင်ပါ။ ငယ်စဉ်ကာလက အာဇာနည်နေ့
ရောက်တိုင်း မြန်မာ့အသံရေဒီယိုကနေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အသံလွှင့်ပေးတတ်တယ်.....။
ဒါ့အပြင် အာဇာနည်နေ့မှာ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တဲ့ နံနက်၁၀နာရီ ၃၇ မိနစ် ရောက်တိုင်း ဥသြဆွဲပြီး ဝမ်းနည်း
ခြင်းအထိမ်းအမှတ်နဲ့ တစ်မိနစ်ငြိမ်သက်နေကြရတာလည်း မှတ်မှတ်ရရပါပဲ။
ယနေ့အချိန်ခါမှာတော့ ကျမတို့ရဲ့မျိုးဆက်သစ်တွေအားလုံးထဲက အများစုဟာ အာဇာနည်နေ့သမိုင်းကို
မသိကြတော့ သလိုအာဇာနည်နေ့အမှတ်တရအခမ်းအနားတွေကျင်းပတာကိုလည်း မတွေ့မမြင်ကြရတော့
တာမို့ အာဇာနည်နေ့ အကြောင်းကိုကျမတို့လူကြီးများကနေတဆင့် လက်လှမ်းမီရာ မျိုးဆက်သစ်လူငယ်
လေးတွေကိုဖြန့်ဝေပေးကြရမယ်လို့ မြင်ပါတယ်.
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်သူရဲကောင်းများအား ကောင်းရာ
သုဂတိ လားပါစေကြောင်း....ဆုမွန်ကောင်းတောင်းရင်း ဗိုလ်ချုပ်တို့မျှော်မှန်းတဲ့ စစ်မှန်တဲ့လွတ်လပ်ရေးအရ
သာကိုပြည်သူအားလုံး ရရှိခံစားစံစားနိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်....
3 comments:
အမှန်ပဲ... ခုခေတ်လူငယ်တွေ သိပ်မသိကြသလို ဥသြဆွဲသံတွေလည်း တိတ်ဆိတ်လို့ပေါ့.. အလံတောင် တစ်ဝက်ချတာ သိပ်မတွေ့ရတာတော့ စိတ်မကောင်းဖြစ်မိပါရဲ့..။
အသက်အရွယ် တစ်ခုအရ အနှစ်ချီ မပါတတ်ပေမယ့်
ရင်ဘတ်ထဲ ကိန်းအောင်းထားတဲ့ ဗိုလ်ချုပ်ရဲ့
စိတ်ဓါတ်ကိုတော့ တန်ဘိုးထားမိပါတယ် ..။
အသွင်တစ်ခုနဲ့ အလျင်းသင့်လို့ ပုံဖေါ်ထုဆစ်ခွင့်ရရင်ဖြင့်
ဗိုလ်ချုပ်ပေးခဲ့တဲ့ ရှင်သန်မှုတစ်ခုနဲ့ ထုဆစ်ထွင်းနေမှာပါ.. ကိုယ့်သရုပ်ကို ..။
ရှိခိုး ဦးညွတ်လျက် ..။
အာဇာနည်နေ့မှာ အဇာနည်များကို အလေးပြုသွားပါတယ်။
Post a Comment