Wednesday, July 27, 2011

စေ


“စေ”

မဟုတ်ဘူးလို့

ငြင်းကန်ခြင်းတစုံတရာအောက်

ခေါင်းညိတ်လိုက်တဲ့

အမူအရာက

တထပ်တည်းဖြစ်အောင်.................... စေ။

ပေါက်ကွဲခါနီးဒေါသ

အဖာတစ္ရာမကတဲ့ အက်ႌေအာက္က

ရင္ဘတ္ကလဲ

ဟာမိုနီမပျက် စုတ်ပြတ်ကာသိမ်းဆည်း

အေးချမ်းတဲ့အမူကျင့်နဲ့ တည်ငြိမ်အောင်............စေ။

ဘာမှန်းမသိတဲ့

လူးလွန့်နေစိတ်တွေရဲ့နောက်

မမြင်ရတဲ့ကြိုးတစ်ချောင်းနဲ့

အားလုံးတိကျသေသပ်လှပအောင်...............စေ။

ပုပ်အဲ့အဲ့အညှီအဟောက်

စွန်းထင်းတဲ့အပိုင်းစများက သွေးအဖြစ်စုစည်း

ချစ်ခြင်းကိုခေါင်းပေါ်ရွက်

အနီရောင်သဘောတရားပျောက်ကွယ်အောင်..............စေ။

အခု ဒီနေ့ ဒီအချိန် ဒီနေရာ

အပြောင်းအလဲမရှိ

ယုတ်ညံ့တဲ့လက်စောင်း မပြောင်းဘဲဆက်ကာနေတဲ့

နှုတ်ခမ်းတွေနဲ့

ကိုယ်သေမယ့်နေ့ကိုကိုယ်တိုင်.................စေ။

သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း။
အတွဲ (၃)၊ အမှတ် (၁)၊ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ။
ကဗျာလေးတပုဒ်ပါဝင်ခွင့်ရခဲ့တဲ့အတွက်အတိုင်းမသိကျေနပ်မိပါတယ်.........။




2 comments:

Welcome said...

ကောင်းတယ် သယ်ချင်း
ဘာလို့ ကိုယ့်နာမည်ရင်း မသုံးခဲ့တာလဲ
အားပေးနေပါတယ်၊ ဆက်ရေးပါ။
(မနေ့က သံလွင်မဂ္ဂဇင်းဆီရောက်တယ်၊ မပန်ဒိုရာရဲ့ ကဗျာတစ်ပုဒ်နဲ့၊ ၀တ္ထုတိုတစ်ပုဒ် ဖတ်ဖို့ဖိတ်လို့လေ)

Anonymous said...

ဟာ .. မိုက်တယ်ဗျာ လေးစားအားကျပါတယ်
ဗျာ ပါမယ်ဆိုလဲ ပါထိုက်တာပဲ ကဗျာတွေက
ရှယ်တွေကိုးဗျ။
ဂုဏ်ယူပါတယ်ဗျာ။