Saturday, December 15, 2012

သတိရပေးပါ

အတိတ်က သိပ်လှခဲ့သလား.... သတိရပေးပါ ချစ်သူ.... ငါ့အနားမင်းရှိနေမယ့် အတိတ်တခု.... အခုပစ္စုပ္ပန်အထိ ငါသယ်ဆောင်ခဲ့တယ်... ဒီတသက်စာအတွက် မင်းဘာပဲလုပ်လုပ် မင်းဘယ်ပဲရောက်နေနေ မင်းဘေးငါရှိနေမယ်ဆိုတာ သတိရပေးပါ... ငါတို့ခရစ္စမတ်မှာ ထင်ရှူးပင်မရှိဘူး... ချောကလက်လည်းမရှိဘူး... ကုတင်တိုင်က ခြေအိတ်လေးလည်း ဘယ်ရောက်နေမှန်းမသိပေမယ့် သတိရပေးပါ... ချစ်သူ မင်းနဲ့ငါ အချစ်တွေနဲ့ နွေးထွေးနေမယ်ဆိုတာကိုပေါ့.... အတိတ်တွေသိပ်လှခဲ့သလား မသေချာပေမယ့် အခုပစ္စုပ္ပန်ကတော့ သိပ်လှနေတာသေချာတယ်... အနာဂတ်လည်း မင်းနဲ့ငါ့အတွက် အချစ်တွေလတ်ဆတ်နေရင် သိပ်လှသွားမှာ အသေချာပါပဲ... ခရစ္စမတ်ရဲ့ ဆောင်းညအေးအေးတွေထဲမှာ မင်းဘေးက ငါ့ကို အမြဲသတိရပေးပါ... ဒါဆို ငါနဲ့မင်း သိပ်နွေးသွားမှာပဲ... ၂၀၁၂ ကုန်ဆုံးမယ့်ရက်တွေကို ရေတွက်ရင်း မင်းသတိရနေပေးပါ... မင်းကို ငါချစ်နေတယ်ဆိုတာကိုပေါ့...

No comments: