Sunday, February 28, 2010

လမှတ်တမ်း


တိမ်တောက်တဲ့ညနေခင်း
မြူဖုံးတဲ့ နံနက်နဲ့
တောက်ပတဲ့ နေ့လည်
ပြောင်းလဲခြင်း သုံးခုထဲနဲ့
ဒီလကို ငါစီးနင်းခဲ့....

အမှောင်မဲ့ နက်ရှိုင်းတဲ့အာရုံမှာ
ဟန်ပါပါစီးမျော
အပြာရောင်လွင်ပြင်တခုဆီပေါ့....

တင်းကျပ်တဲ့ ခိုင်မြဲမှုတစုံအောက်
နွေးထွေးယုယ တိမ်ဆိုင်များကြားမှာ
နှစ်လိုစွာ ပျံသန်းခဲ့....

လရဲ့ဆယ်စုတစ်ခုကျော်ကျော်မှာ
အမှတ်တရများစွာနဲ့
ကြည်နူးခဲ့ရတဲ့ လတ်ဆတ်တဲ့အတိတ်အဖြစ်ထားခဲ့....

ဖန်တီးမှုတိုင်း ရိုးသားစွာ
စီးနင်းခဲ့ ဒီလအပေါ်
သစ္စာရှိတဲ့ အကြင်နာတစုံနဲ့
ငြိမ်းချမ်းမှုကိုရှာရင်း ဖန်တီးရင်းပေါ့
အမှတ်တရတွေများစွာ
ကဗျာဆန်ဆန်ပဲ
ဒီလ.... ဖေဖော်ဝါရီလ...
ငါ့တိမ်ဆိုင်မဲ့ကောင်းကင်ရဲ့ လပေါ့.....

ဒီနေ့
အဲဒီလကို ငါထားခဲ့တော့မယ်
ဒါပေမယ့်
ဒီလထဲက အမှတ်တရနေ့စွဲတခုရဲ့အောက်မှာ
ရှင်သန်နေတဲ့ သက်ရှိကို
ငါ့ရင်ခွင်ထဲ ဆွဲသိမ်းထားရင်း
နောက်ထပ် လတွေဆီ
ငါ ပျော်ရွှင်စွာ ဖြတ်သန်းဖို့
သူ့ဆီက အားအင်တွေ အကြင်နာတွေ
ကြည်နူးစွာရယူရင်းပေါ့........

ဒါ
ငါရဲ့ လမှတ်တမ်းပဲ........




1 comment:

Flower said...

ကဗျာလေးတွေက အကုန်လုံးကောင်းတယ်..
အရင်က မသိလို့မရောက်ဖြစ်တာပါ..
လင့်ခ်ယူသွားတယ်နော်
အရမ်းလှတဲ့ ကဗျာလေးတွေကို အများကြီး ဆက်ပြီး
ဖန်တီးနိုင်ပါစေ..