Monday, May 25, 2009

မေ

ရက်စက်တဲ့စကား
မင်းနှုတ်ဖျားကမထွက်ကျဖူးခဲ့တာတောင်
တစုံတယောက်ကတော့
မင်းကိုမျက်မုန်းကျိုးနေတယ်နော်......

ဥပက္ခာအနန္တနဲ့
မင်းလမ်းကိုယုံကြည်စွာဆက်လျှောက်နေတုန်း
တယောက်သောသူကတော့
မင်းကိုခြေထိုးခံနေသေးတယ်.........

အပြောင်းလဲများစွာနဲ့
သက်တံထက်လှတဲ့အိပ်မက်ကို
မင်းဖန်ဆင်းပေးမယ့်အချိန် ငါငံ့လင့်နေဆဲ.......

အခုတော့
မင်းယုံကြည်ရာကိုလှောင်ချိုင့်ထဲမှာအသက်ဝင်နေစေတုန်း.....
ငါလည်းမင်းကိုမျှော်လင့်နေဆဲမို့
အမြဲတမ်းတော့
ဆုတောင်းပေးနေတာ
ကောင်းရာကောင်းကြောင်းတစုံတရာကိုပေါ့.........

အထူးသဖြင့်
မင်းယုံကြည်ရာ ငါတောင့်တရာ အိပ်မက်ကို
ငါတို့အားလုံး ဖန်တီးအသက်ဝင်စေဖို့
ငါဆန္ဒရှိတယ်
မေ.........



No comments: