Sunday, March 01, 2009

မောင်ပြောထားတဲ့ ကျွန်မအတွက်စကားတွေ



ချိုစင်တဲ့ရေစင်လို အေးမြတဲ့စကားလုံးတွေ
မောင့်အတွက် ထာဝရပုံဖော်ပေးပါလား...................

အပြုံးမပါတဲ့မျက်နှာ အစိမ်းရင့်ရင့်အကြည့်တွေ
မောင့်အတွက် ထာဝရဖျောက်ဖျက်ပေးပါလား..............

ခြားနားချက်သီအိုရီတွေအပေါ် အမုန်းကပွဲတွေ
မောင့်အတွက် ထာဝရရုတ်သိမ်းပေးစမ်းပါတဲ့..................

ချစ်တယ်လို့အခါခါဆိုနေမယ့် နှုတ်ခမ်းလေးတွေ
မောင့်အတွက် ထာဝရတင်ဆက်ပေးပါလား......................



No comments: