Tuesday, February 03, 2009

ကိုယ်ရည်သွေးတေးထပ်

ရူးပေါပေါခေတ်ထဲ (တစ်) စွဲတဲ့- မှိုင်းနော်၊ ခေတ်မစဲ စကိုင်းပေါ်မှာ၊ သမိုင်းတော်ထင်ရှား။ ။

မန်းနှစ်ဆက်ရောက်သောခါဝယ်၊ နောက်ဂေါယာယွန်းချိန်နှင့်ညား။ ။

ဘုန်းတော်ဘွဲ့မရေးသာတယ် အေးစရာရှောင်ရှား၊ ကျေးဝနာတောင်ကြားက၊ ချောင်တရားကျင့်ကာ။ ။

တောဆီ, ကောလီကြိတ်ခဲ့တဲ့၊ ယောဂီဟိတ်ဆောင်းပါးကဗျာ။ ။

အကြောင်းအားလျော်စွာရယ်၊ ပျော်စရာမပြတ်တိုးရန်ဘို့၊
ဓါတ်ဘိုးရှာခိုက်မှာကို၊ အားတိုက်(စာဆို)။ ။

ခုလိုများငွေအလိုမှာ၊ စနေကိုလွမ်းပြန်ချည်လေး။ ။

သခင်ကိုယ်တော်မှိုင်း


(ဝန်ခံချက်။ “စတာလင်၏နိုင်ငံတကာကမ္ဘာ့ငြိမ်းချမ်းရေးဆုရဆရာကြီးသခင်ကိုယ်တော်မှိုင်း၏
လေးချိုးပေါင်းချုပ်”မှ ကူးယူဖော်ပြသည်။)




2 comments:

Welcome said...

သယ်ချင်း
နင့်ရဲ့ ဆားချက်တဲ့ ပို့စ်က
ငါ့ရဲ့ ငံပြာရည်ကျိုတဲ့ ပို့စ်လောက်
မငံဘူးကွ။
---------
ကျေးဇူးပါ။ ခုလို ပြန်ပြီးရှယ်ပေးတဲ့ အတွက်ပါ။
ရှာရှာဖွေဖွေ တင်ပြပေးတာ ကုသိုလ်ရတယ်။
(အဟဲ လူကြီး လေသံနဲ့)

Anonymous said...

တခါမှကို မဖတ်ဖူးတာဗျ ဟီး
ကျေးဇူးပါပဲဗျာ။ခုလိုပြန်လည်ဖော်ပြပေးတာ