Monday, December 08, 2008

အကြင်

မွေးရာပါလား သူ့အားကြင်နာ
ထာဝရမှာ ကဗျာဟာ မလှခဲ့ပေမယ့်
အရှုံး နဲ့ အမုန်း အတုန်းအရုံးပြိုလဲဖို့
မဖြစ်တာ ရင်မှာသိတာမို့.................။

ကမ်းပါပြိုတိုင်း
ပဲ့ကျသွားတဲ့မြေသားလို
မလှမပဘဝနဲ့တော့ မဟာမဆန်ချင်ခဲ့ဘူးလေ...........။

မထင်မရှားအမှတ်အသားတစ်ခုနဲ့တော့
ငါ့ရင်ကိုဖွင့်ထားခဲ့မယ်
နင်မသိတောင် အများကအသိအမှတ်ပြုခံစားပေမယ်ဆို
ငါကျေနပ်ပေးမှာ နေသားတကျရယ်ပေါ့........။

မှားခဲ့ပါတယ်ဆိုရင်
ခွင့်လွှတ်ရမှာအစဉ်သာမို့
ထည်ဝါနေတဲ့ငါ့ရဲ့ အကြင်.............။


နီနီဝင်း


1 comment:

Anonymous said...

အကြင်က ကျနော်တို့လမ်းထိတ်ကုန်စုံဆိုင်က
တရုတ်မကြီးလေဗျာ။အဟိဟိ

ကဗျားလေးဖတ်ရှုခံစားသွားတယ်နော