Tuesday, July 19, 2011

ကဗျာဂါရဝ

အမှတ်တရပါပဲ...
အခက်ခဲပေါင်းများစွာကြားက
ငါတို့မြန်မာဆိုတာ ဒီလိုပါလို့
ကြွေးကြော်နိုင်အောင်
မြန်မာပြည်ကြီး လှလှပပ ကပြနိုင်အောင်
မြေပုံလှလှနဲ့
အက်ဒမမ်ဆီးနဲ့ ဘေးအော့ဖ်ဘင်းဂါးကြားမှာ
ထည်ဝါစွာ ငွားငွားစွင့်စွင့်ပေါ့...
သွေးတွေ တဆက်ပြီးတဆက်
အသက်တွေ တသက်ပြီးတသက်
တယောက်ပြီးတယောက်
အဆုံးသတ်မရတဲ့ ချစ်စိတ်တွေနဲ့
သူတို့အလှကို ဖော်ကျူးရင်း
ငါတို့ချစ်မြေကို
ထိန်းသိမ်းနိုင်ကြဖို့
သူတို့တွေ ကိုးဦး တချိန်တည်းတပြိုင်တည်း စတေးခဲ့ကြရ...
အတ္တလောဘ အမှောင်ဖုံးသူတွေကြား
သူတို့ကျဆုံးပြီးနောက်
တဖြည်းဖြည်းပြိုကျခဲ့ရတဲ့
ငါတို့ ပြည်မြန်မာ
သာစွဆိုတာ ဟုတ်ရဲ့လား။
နောင်လာနောက်သား
ငါတို့တတွေလည်း
အဖြစ်ကတော့ ဒါပါပဲလို့
တဖွဖွညည်းတွားရင်း
အတွေးပင်လယ်မှာချာချာလည်ရင်း
မာယာတောမှာ မောဟအမှောင်ကြားက
အတ္တဟိတကိုပဲ ဗဟိုပြုရင်း
ကကြ ခုန်ကြ ကစားကြနဲ့
တဖြည်းဖြည်းကြီးပြင်းလာကြ
သို့ပေမယ့်
ဒီနေ့ ဇူလိုင် ၁၉ရက်ရောက်လာရင်တော့
အားလုံးရင်ထဲ
အဖြစ်ဟောင်းကို သမိုင်းကြောင်းပေါ်က
ဖုန်ထူထူစာရွက်ကြားထဲ
ဂါရဝပြုရင်းအဆုံးသတ်ရုံနဲ့
ပြီးရမလား...
သူတို့ဖြစ်စေချင်ကြတာ ဒါပဲလို့
မထင်ဘူး။
အားလုံးဟာ ကိုယ့်အာယုကို ကိုယ်ချစ်ပေမယ့်
သူတို့လို စတေးဖြစ်ခဲ့ကြရင်
အခုအချိန်ဆို ငါတို့
ငါတို့မြေပေါ်မှာ
လှလှပပ ဂါရဝပြုနိုင်ကြမှာ
အသေအချာ....

1 comment:

  1. ချော(အစိမ်းရောင်လွင်ပြင်)July 20, 2011 at 12:17 PM

    တော်လိုက်တာ
    အာဇာနည်နေ့ကို ဂါဝရပြုတဲ့ကဗျာလေး သတိတရရေးဖွဲ့ထားတာ ဖတ်လို့ကောင်းသလို ကဗျာရှင်ရဲ့ ဆန္ဒကိုလည်း မြင်နေရတယ်။
    ငါတို့တိုင်းပြည်ကြီးဟာ လူတစ်ချို့ရဲ့ အတ္တတွေကြားမှာ ခေါင်းမဖော်နိုင်တာ ကြာပြီမို့ အာဇာနည်နေ့ကိုတောင် အဖြစ်ကလေးလောက် လုပ်ချင်နေကြလေရဲ့း(

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........