ညင်သာတဲ့လေညှင်း
ဆောင်ကြဉ်းလာတဲ့ဝတ်မှုန်
ဆောင်းအိပ်မက်ကိုအသက်ဝင်စေခဲ့တယ်... ...
သာယာတဲ့လရောင်
ညခင်းမှာသာတဲ့အခါ
ကုမုန္ဒြာကြာပန်း ပွင့်လန်းစေတယ်... ...
ပန်းတကာရဲ့အလယ်
ဘယ်သူသာတယ်လို့ တင့်တယ်စွာအပြိုင်ကြဲ
သန့်စင်ခြင်းကိုဂုဏ်တင်ခဲ့ကြတယ်... ...
သိမ်မွေ့တဲ့လေညှင်းတခါ
စေ့ဆော်လိုက်ပြန်တော့
ထိန်းသိမ်းခဲ့ဒီဝတ်မှုန်တွေ
လေနဲ့အတူ ပျံဝဲခဲ့တယ်... ...
တဒင်္ဂမှာပဲလေ
ပန်းရဲ့ရနံ့ ပပျောက်သွားအောင်
စွဲဆောင်နိုင်တာ လေညှင်းလေးပါ... ...
လေပြည်ညှင်း သယ်ဆောင်ပေးလို့ ဝတ်မှုန် ပန်းရနံ့ကို ရှူရှိုက်ခွင့် ရလိုက်တယ်။ လေပြည် သယ်ဆောင်ရာ ဝန်းကျင်အချို့ တဒင်္ဂတော့ မွှေးပျံ့ထုံကြည်နိုင်မှာပါ။ ပန်းပင်ပန်းပွင့်လေးလဲ ကျေနပ်မယ် ထင်မိတယ်။
ReplyDelete