Thursday, October 09, 2008

တေးသွဲ့တဲ့ လင်္ကာ

ခင်တန်းငယ်ပြို
ဖြိုသူကို တော်ဝင်သင်းသတဲ့ကွယ်
လေးညှို့တဲ့ ကိုယ်...........။

သူရင်ကို တစ်ကြိုမှန်းမယ်တကယ်
အဘယ်ဆီမျှော် မှင်တက်မောမိမယ်
ပြောမိတော့ ဒီအပျို...........။

အကြင်သူ သင်ယူတောင်းတာက
ကောင်းကောင်းကို မရနိုင်တော့တာမို့
ဘာဘာညာ သူတကယ်မရောပါဘူး
ဝေးရက်တဲ့ အတွေး............။

ဖွဲ့တဲ့ဒီအတွေးလေးကိုကွယ်
သွဲ့သွဲ့ တေးအဖြစ်ကယ်နဲ့
လင်္ကာသီ ကြူဟစ်ကြွေးမယ်တဲ့
ဘုန်းရစ်ပေါ့ ဘေး................။



2 comments:

  1. ခင်တန်းငယ်ပြို
    ဖြိုသူကို တော်ဝင်သင်းသတဲ့ကွယ်
    လေးညှို့တဲ့ ကိုယ်...........။

    နီနီဝင်းရေ---အချိုးစပ်ထားတာလေးက
    ကောင်းလိုက်တာ---အခုခေတ် ပျောက်
    ကွယ်လု လေးချိုးလေးတွေကို ပြန်လည်
    ဖေါ်ထုတ်တာ--ဝမ်းသာစရာပါ--
    အားပေးနေပါတယ်---ဆက်ရေးပါ---

    ReplyDelete
  2. ကောင်းတယ်ဗျ မော်ဒန်တွေကြားက ထိုးဖောက်လာတဲ့
    ကဗျာလေးပေါ့နော်

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........