Friday, October 10, 2008

မင်္ဂလာမွေးနေ့ နှုတ်ခွန်းဆက်


မင်္ဂလာပါရှင်။

ဒီနေ့ ၁၀ ရက် ၁၀ လ ၁၀နာရီခွဲ မှာ ကျရောက်တဲ့ ကျွန်မရဲ့ မွေးနေ့ချိန်ခါသမယမှာ ကျေးဇူးရှင်မိဘနှစ်ပါးနဲ့တကွ ကျွန်မကိုချစ်ခင်သော
သူငယ်ချင်း မိတ်ဆွေ မောင်နှမအားလုံးကို ရွှင်လန်းကျန်းမာကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

ကျွန်မကို နီနီဝင်းအဖြစ် ကနေ့ထက်တိုင် ရှင်သန်ခွင့်ပေးထားတဲ့ ယမမင်းနှင့်တကွ မွေးသမိခင်မေကြီးနဲ့ကျွေးသဖခင်ဖေကြီး ကိုလဲ ကျေးဇူးတင်ကြောင်း။

ကဗျာတွေစာတွေချစ်တဲ့ ပုံဆွဲတာဝါသနာပါတဲ့ တေးဂီတတွေနားစဉ်ရတာရူးသွပ်တဲ့ ကျွန်မရဲ့ စိတ်စေစားရာနောက် ဖန်တီးဖြစ်လိုက်တဲ့
ဒီဘလော့ဂ်ကလေးကို မွေးဖွားချိန်မှာ နည်းပညာအကူအညီအကြံဥာဏ်များ ချီးမြှင့်ပေးကြတဲ့ ကိုမောင်လှ၊ ကိုစေတန်ဂေါ့၊ ကိုညီလင်းဆက်၊ ကိုပီကေ (Myanmarbloggers.org)၊ ကိုဇော်မင်းတင်(mmeyes.net)၊ ကိုဖေသိန်း(Pethein.blogspot.com)၊ မော်လမြိုင်သားတွေနေတဲ့အိမ် မှ ကိုနေမျိုး၊ ကိုဇော်ဇော်မျိုး တို့ကို ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ပါတယ်။

ကျွန်မဖန်တီးထားတဲ့ စာတွေကဗျာတွေကို အစဉ်တစိုက်အားပေးကြတဲ့ ဘလော့ဂါသူငယ်ချင်းများဖြစ်တဲ့ ကိုပီကေ၊ ကိုဝင်းဇော်၊ ကိုဖေသိန်း၊ ကိုဇော်ဇော်မျိုး၊ ကိုအိမ်၊ မစိမ်းလဲ့(Greengirllailai.blogspot.com) နဲ့ ဘလော့ဂါသူငယ်ချင်းများအားလုံးကို လဲ ဆက်လက်အားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်နော်။

ကျွန်မအတွက် မွေးနေ့ဆုမွန်ကောင်းကို ပထမဆုံးတောင်းပေးတဲ့ ချစ်ငယ်ချင်း အစံလေး၊ ဘေဘီဖြိုး၊ ကိုဇော်ဇော်မျိုး တို့ကိုလဲ ကျေးဇူးတင် ဝမ်းသာမိပါကြောင်း ပြောကြားပါရစေ။

ကျွန်မရှင်သန်ခွင့်ရရာ ကာလပတ်လုံး ခံစားရသမျှတွေကို စာစီကဗျာသီကာ ဖန်တီးတင်ဆက်ဖြစ်မယ့် ဒီဘလော့ဂ်လေးကို သူငယ်ချင်းများအားလုံး လည်ပတ်စောင့်ကြည့်ခံစားပေးကြပါလို့လဲ မွေးနေ့လက်ဆောင်အဖြစ် တောင်းဆိုလိုက်မယ်နော်။

ဒီဘလော့ဂ်မှာတင်ထားသမျှ စာတွေ ကဗျာတွေ အားလုံးဟာ ကျွန်မရဲ့မူပိုင်ရင်တွင်းဖြစ်ဖန်တီးမှုများသာဖြစ်ကြောင်းပြောကြား
လိုပါတယ်။








mmblogniniwinn

8 comments:

  1. ကဲ မွေးနေ့မှစပြီး နောင်နှစ်ပေါင်း ၁၀၀ ကျော်တိုင်
    ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ ချစ်သူရည်းစားရှိရင်လည်း
    အိုအောင်မင်းအောင်ပေါင်းရပါစေခင်ဗျာ မိဘကိုလည်း သက်ဆုံးတိုင်လုပ်ကျွေးပြုစုနိုင်ပါစေခင်ဗျာ သူငယ်ချင်းတွေနဲ့လည်း အမြဲတမ်းချစ်ချစ်ခင်ခင်ချမ်းချမ်းမြေ့မြေ့ နေထိုင်နိုင်ပါစေလို့ ကျနော် ဆုတောင်းပေးခဲ့ပါတယ်ခင်ဗျာ ရွှင်လန်းချမ်းမြေ့ပါစေ

    ReplyDelete
  2. မွေးနေ့မှ စပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ လိုတိုင်းတရသောသူဖြစ်ပါစေရှင်။

    ReplyDelete
  3. မနီရေ-
    connection လုံးဝမကောင်းလို့ပါ၊ အခု mail ဖွင့်လို့ ရတဲ့အချိန်က မြန်မာစံတော်ချိန် ည 10း20 ဖြစ်နေပြီ-ဘာပဲဖြစ်ဖြစ်အခုပဲဆုတောင်းပေးလိုက်ပါတယ်-
    မွေးနေ့မင်္ဂလာရှင်ဖြစ်သော မနီနီဝင်း တစ်ယောက် ယနေ့မှသည် မင်္ဂလာရှိသောနေ့သစ်များဖြစ်သာရရှိပါစေ-
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ-
    အေးချမ်းသောဘ၀ပိုင်ရှင်အဖြစ်ရပ်တည်နိုင်ပါစေ-
    ချစ်မြတ်နိုင်းသော အနုပညာမြောက် ကဗျာတွေ စာတွေ ပန်းချီတွေကို ဆက်လက်ဖန်တီးနိုင်ပါစေ-
    ကြိုးစားတိုင်းအောင်မြင်မှုတွေရရှိပါစေ-
    သူငယ်ချင်းကို အစဉ်တစ်စိုက်အားပေးနေမယ့်
    ဖေသိန်း

    ReplyDelete
  4. ၁၀ ဂဏန်းဆိုတော့ ကံတရားလှည်းဘီးလို့ တားရော့မှာဆိုပါတယ်။ ရာသီခွင်မှာတော့ တူရာသီချိန်ခွင်ရုပ်ပေါ့။ အပြောင်းအလဲများစွာကို ရဲဝံ့စွာ ရင်ဆိုင်တတ်သူ ဖြစ်ပါစေဗျာ။ မသိ၊ မခင်ပေမယ့် ဘလော့ဂါအချင်းချင်း ဆုတောင်းပေးလိုက်ပါတယ်။ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

    ReplyDelete
  5. happy birthday ပါဗျာ။
    မွေးနေ့မှာဘာမှလဲကျွေးဘူး။
    စားရမလားလို့လာတာ ဟိဟိ
    ထပ်ပြီးဆုတောင်းပေးပါတယ် ယနေ့မှနှစ်ပေါင်း များစွာ
    ယောကျာင်္းအဒေါ်နဲ့ တဲ့ပါစေ ဟိဟိဟိ

    ReplyDelete
  6. နီနီ
    အရူး၊အပေါမ
    နင်ပျော်ရွှင်ပါစေ

    ReplyDelete
  7. မင်္ဂလာပါ
    ပျော်ရွှင်တဲ့ မွေးနေ့ဖြစ်ပါစေ။
    မွေးနေ့တိုင်းမှာပျော်ရွှင်ပြီး ဆန္ဒတွေ တောင့်တတိုင်းရလို့ လိုတိုင်း ပြည့်စုံတဲ့ ဘဝကိုထာဝရ ပိုင်ဆိုင်နိုင်ပါစေ။
    နှစ်သက်ရာ၊ ၀ါသနာပါရာ မှန်သမျှ လွတ်လပ်ပျော်ရွှင်စွာနဲ့ အောင်မြင်စွာ ဖန်တီးနိုင်ပါစေ။
    လို့ တောင်းဆုချွေခဲ့ပါတယ်။
    ခင်တဲ့ - ဝင်းဇော်
    www.winzaw-mdy.blogspot.com

    ReplyDelete
  8. pi si,

    Happy birthday, we pray for u to get a peaceful life with your lovely husband (Mg)

    your friends,

    Mg Mg & Mee Lay

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........