Thursday, August 21, 2008

ငါ့ဘ၀ ငါ့ဇ

နေ့သစ်တစ်ခုမွေးဖွားနေတုန်း ချမ်းနေတုန်းပဲ
မိုးကောင်းကင်ပြင် မော့ကြည့်တော့လဲ မှိုင်းနေတုန်း
ဟိုအရှေ့ဘက်ဆီက ပြာပြာအစိုင်ခဲလေးတစ်ခု တရွေ့ရွေ့လာနေတုန်း
အမှတ်တမဲ့ငေးမကြည့်မိဘူး
လှမ်းပြောလိုက်တဲ့အသံ သဲ့သဲ့တော့ကြားလိုက်တယ်
ဒါပေမယ့် ငါမသိဘူး
ဘာမှနားမရှင်းဘူး ဘာမှလည်းမကြားတော့ဘူး
ငါ့ဆန္ဒတစ်စုံတစ်ရာကို ဖြည့်ဆည်းလိုက်မိတော့မယ်
ကြိုးစားပြီးရုန်းထလိုက်တော့ ဟိုးအဝေးက ရင်းနှီးတဲ့ငိုသံသဲ့သဲ့ကို
မကြားချင်မှအဆုံး ဆက်တိုက်ကြီးခံစားရတော့လည်း
ငါမငိုမိဘူး
ငါပြိုလဲစရာ ခန္ဓာကိုယ်က ချန်ထားရစ်တဲ့အထဲမှာ ပါသွားပြီ
လာပြီးမှားတယ်လို့မပြောနဲ့
ငါမသိဘူး
ငါခံစားစရာ နှလုံးသားက အစုံလိုက်ရှိတယ်
လာပြီးရူးတယ်လို့မပြောနဲ့
ငါမထိဘူး
ဘ၀မှာလမ်းတွေအများကြီးရှိယင်တောင် ငါကတော့ဒီတစ်လမ်းကိုပဲ အဆုံးထိလျှောက်မယ်
ဆုံးဖြတ်ထားတယ်ဆိုတာ ငါကလွဲလို့ ငါ့ဘ၀ကသာသိတယ်
ငါ့ဘ၀က ငါနဲ့ထပ်တူကျကျ နှလုံးသားတစ်စုံဖြစ်တယ်
ငါ့နှလုံးသားရှိရာအရပ်ကို ငါပိုင်ဆိုင်ထားမိမယ်
.

3 comments:

  1. မနီရေအရမ်းကောင်းတယ်
    လာအားပေးသွားတယ်နော်
    template design ကခဏခဏပြောင်းနေတယ်နော်
    ကဗျာက ကိုယ်တိုင်ရေးတာလာ
    ခံစားတတ်လို့အရမ်းတွေးမိသွားတယ်

    ReplyDelete
  2. မနီရေ
    ကဗျာအသစ်လေးလာဖတ်သွားတယ်နော်
    ကဗျာကကိုယ်တိုင်ရေးလား
    တစ်မျိုးတော့ခံစားရတယ်
    မနေ့က Template Design တစ်မျိုးပြောင်းပြီး အခုတစ်မျိုးထပ်ပြောင်းသွားတယ်နော် အခုဟာလေးက ရင်အေးပါတယ်။
    လေးစားပါတယ်

    ReplyDelete
  3. ညီမလေး အကိုလာသွားတယ်နော် မသိပေမဲ့ နောက်တော့် သူငယ်ချင်းတွေဖြစ်သွားမှာဘဲ မဟုတ်လား ကြိုးစားထားပါ ညီမလေး။

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........