Tuesday, October 11, 2011

သူပေးခဲ့တဲ့ ပန်းသီး


ပန်းသီး 
`အာဒံနဲ့ဧ၀ အပြန်အလှန်စားခဲ့တဲ့ ပန်းသီး...
နယူတန်ကို ပစ်ပေါက်ခဲ့တဲ့ ပန်းသီး....
ခေတ်သစ်ကမ္ဘာမှာ မှော်ဝင်စေခဲ့တဲ့ ပန်းသီး...´
တဲ့။
မနေ့တစ်နေ့က ဖေ့စ်ဘွတ်စာမျက်နှာမှာ
ရုတ်တရက်ဖတ်လိုက်ရတဲ့ ကဗျာ...
အမှန်တော့ အလွမ်းစာပေါ့။

အဲဒီသုံးလုံးစလုံး
ဒီ ၁၀ရက် ၁၀လ ၂၀၁၁ မှာ သက်ရှိထင်ရှားမရှိတော့ဘူး...
ဒါပေမယ့်
ကိုယ့်ဘေးနား ကိုယ့်အနားမှာ
ထာဝရဆုပ်ကိုင်ထားခဲ့တဲ့
သူ့ရဲ့
အချစ်တွေဟာ
ပန်းသီးတစ်လုံးလို လှပ ချိုမြိန်နေတာ
ထာဝရအတွက်ဆိုတာ
ကာလကြာလာလေလေ
ပိုသေချာလာလေလေပေါ့။

ကဲ...
ဒါဆို လူတိုင်းလူတိုင်း
ဘ၀တိုင်း ဘ၀တိုင်းမှာလည်း
ခံစားချက်တွေအောက်က 
ချိုမြိန်လှပတဲ့ ပန်းသီးတစ်လုံးစီတော့
ထာဝရပိုင်ဆိုင်နေကြမှာလည်း
အသေအချာပေါ့...။

ဘာပဲဖြစ်ဖြစ်
ပန်းသီးလေးလို အလှတရားနဲ့
ချိုမြိန်လှပတဲ့ သစ္စာတွေ
အားလုံး အားလုံး
ငြိမ်းချမ်းစွာ ပိုင်ဆိုင်ခွင့်ရပါစေလို့
ကိုယ့်ရက်လေးမှာ ကိုယ်ဆုတောင်းမိလိုက်တော့
သူရော ကိုယ်ပါ ကြည်နူးနေမိတာ
အသေအချာပေါ့...။


ချစ်ခင်စွာဖြင့်
ကိုယ့်မွေးနေ့ ၁၀-၁၀-၁၁ အမှတ်တရ






5 comments:

  1. နီနီပိုင်ဆိုင်ခွင့်ရတဲ့ ပန်းသီးလေး
    ထာဝရ ရွှန်းစိုလှပလို့ အမြဲတမ်းချိုမြနေပါစေလို့ ဆုတောင်းပေးပါတယ်နော်
    ပျော်ရွှင်ပါစေ..

    ReplyDelete
  2. အိုး မွေးနေ့လား။ ခရီးသွားနေလို့ ဆုတောင်းနောက်ကျတာခွင့်လွှတ်ပါနော်။

    အသက်ထက်ဆုံးတိုင် ပျော်ရွှင်ပါစေရှင်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  3. ရက်ပေါင်းများစွာ လွန်သွားပေမယ့်လည်း မွေးနေ့ပွဲလေးအတွက် တောင်းဆုလေးချွေခဲ့ချင်ပါတယ်။ လောကီလောကုတ္တရာ နှစ်လီနှစ်ဝလိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်းပြည့်စုံပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. မွေးနေ့မှာပျော်ရွှင်ပါစေ။

    ReplyDelete
  5. မွေးနေ့တိုင်းပျော်ရွှင်ပါစေ။

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........