Thursday, December 10, 2009

ချစ်တယ်

မျက်ဝန်းချင်း
နှလုံးသားချင်း
နှုတ်ခမ်းဖျားချင်း
ထပ်တူစွာခံစား
အပြုံးပန်းများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ
ဘဝချင်းထပ်တူကျ
စိတ်ချင်းနားလည်ကြနဲ့
အသက်ဆုံးတိုင် ယုယမယ်ဆိုတာ
သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့
နှစ်ကိုယ်တူ မူပိုင်စကား
အမြဲကြားရတာက
ချစ်တယ်.........

အခုထိ ယနေ့ထက်ထိ
မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း
တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကို တင်းတင်းဆုပ်
မဖြုတ်တမ်း လှမ်းလျှောက်မိမှာ
ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ်
သူနဲ့ကိုယ့် နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား
ချစ်တယ်.......


2 comments:

  1. ညီမလေးရေ အချစ်ကဗျာလေး လာဖတ်သွားပါတယ်။ ဘ၀တလျှောက်လုံး ခိုင်မြဲတဲ့ အချစ်တွေနဲ့ လက်တွဲသွားနိုင်ပါစေ။

    ReplyDelete
  2. သူတကာ အားကျအောင်တော့ လုပ်နေပြီ

    ဆင်ဆင်ပြေပျော်ရွှင်နေတာကို တွေ့ရတော့ စိတ်ချမ်းသာတယ်။

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........