Sunday, October 04, 2009

သီတင်းကျွတ်လပြည့်ညရဲ့ မီးပုံးလေးတွေ

သီတင်းကျွတ်လပြည့်ညဖြစ်တဲ့ ဒီနေ့ညမှာ ကျမတို့အိမ်ရှေ့ဝရန်တာလေးမှာ မောင့်လက်ရာ မီးပုံးလှလှလေး
ငါးလုံးကို အနန္တောအနန္တငါးပါးဦးထိပ်ထားသောအားဖြင့် ထွန်းညှိခဲ့ပါတယ်။

အသည်းပုံလေးတွေ က ကျမတို့ရဲ့ အချစ်သင်္ကေတလေး၊
ကော်ဖီခွက်လေးတွေ က ကျမတို့ရဲ့ အတူဆုံချိန်အမှတ်တရလေး၊
ကြယ်လေးတွေက ကျမတို့မျှော်လင့်ခြင်းသင်္ကေတ၊
သစ်ရွက်စိမ်းစိမ်းလေးတွေက ကမ္ဘာကြီးသာယာစိုပြည်စေဖို့ကျမတို့ရဲ့ဆုတောင်းလေး၊
ပန်းပွင့်လေးတွေက အနာဂတ်မျိုးဆက်လေးတွေရှင်သန်စေဖို့ ကျမတို့ရဲ့ဆန္ဒလေးပေါ့။
အားလုံးလည်း မီးပုံးလေးတွေထွန်းဖြစ်ကြမယ်ထင်ပါတယ်နော်။
ခံစားကြည့်ပါလို့.........






4 comments:

  1. မီးပုံးလေးတွေလှလိုက်တာ။ အိမ်မှာတော့ ဘုရားစဉ်မှာပဲ ရောင်စုံမီးနဲ့ ဖယောင်းတိုင်မီးပဲ ထွန်းဖြစ်တယ်။ မီးပုံးမထွန်းဖြစ်ဘူး။ ဒီအချိန်မှာ ဗြောက်အိုးတွေဖေါက် မီးပုံးပျံတွေလွှတ်တင်ပြီး မီးပုံးလေးတွေ နေရာတိုင်းမှာ လင်းနေတဲ့ မြန်မာပြည်ကို လွမ်းလိုက်တာ။ ညီမလေးရဲ့ ဆန္ဒလေးတွေ ပြည့်ပ၀ါစေ။

    ReplyDelete
  2. မီးပုံလေးတွေ ချိတ်ဆွဲမှုနှင့်အတူ ချစ်သောမောင်နှင့်
    သာယာလန်းနေမယ့် အစ်မတော်တစ်ယောက်
    စိတ်ကူးပုံဖေါ်လို့ မြင်ခြင်းဖြင့် သဏ္ဍာန်သရုပ်ကို
    မီးပုံးအမှန်လုပ်ကာ ပူဇော်ထွန်းညှိ ညအငြိကို
    နှစ်ကိုယ်တူဖြတ် ဘ၀တစ်သက် တွဲလက်မြဲလို့
    အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေ ..။။

    လုပ်ကြပေါ့ .. အစ်မတော်တို့ပဲ .. အရုပ်ကတော့ တစ်ယောက်ထဲ .. ဘယ်မှလည်း မသွားနိုင်ဘူး .. ချိတ်ညစ်တယ် .. ဘာကိုလွမ်းမှန်း မသိ လွမ်းသွားတယ် ..

    ခင်မင်စွာ
    idulize (အရုပ်ကလေး)

    ReplyDelete
  3. wow.. these lanterns are very pretty..
    very good idea of those as well..
    Thanks for sharing, sis!

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........