ငါဟာ မိုးခိုတဲ့မိုး
ငါဟာ ရေဆာတဲ့ပင်လယ်
ငါဟာ ကမ်းကူးတိမ်
ငါဟာ ရင်လျားလဝန်း
ငါဟာ ဒဏ်ရာတွေ ထိန်ထိန်သာ နေတဲ့လ
တကယ်တော့လည်း
ကျေးဇူးရှင်ဒုက္ခတွေကို ကျေးဇူးတင်နေသူပါ
ရေမပါဘဲ စီးဆင်နေတဲ့ မြစ်လည်းလှတယ်
သစ်ပင်တစ်ပင်ရဲ့ အခန်းတစ်ခုလည်း ခမ်းနားတယ်
တကယ်တော့လည်း
ငါလိုအပ်တာက စင်သုံးစင်၊ ဘုရားစင် စာအုပ်စင် အိပ်စင်
စုန်မရ ဆန်မရ မျက်လုံးများလည်း ပါချင် ပါမှာပေါ့
တကယ်တော့လည်း
အချစ်ဆိုတာ မင်းဆီက ဆင်းသက်တာပဲ မဟုတ်လား
သူ ရွေ့ပြတယ်
အချက်အလက် အမှတ်အသားများ ဖွယ်ဖွယ်ရာရာ စုံလို့။
တင်ညွန့်မြိုင် (သာစည်)
(ဝန်ခံချက်။ ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီလထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ၏
ခေတ်ပြိုင်ကဗျာကဏ္ဍမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်)
Tuesday, February 10, 2009
ပင်လယ်ရဲ့နာကျင်ချိန်
Subscribe to:
Post Comments (Atom)

1 comment:
ကဗျာလေးကကောင်းလိုက်တာ.. စကားလုံးတွေသိပ်လှတယ်။
Post a Comment