Thursday, November 27, 2008

ယုံရက်သူ


အမုန်းမယူ
ပြုံးအပူနဲ့
မူတူတူမျက်နှာပေးကို
ရင်လေးတယ် ကိုယ့်ချစ်ဦးရယ်
ဘုန်းတက်တဲ့ဆေး။
အပြောကြူကြူ
အမောရယ်ပြေစေမယ့်
ဟောဒီလေချိုးလေးကိုကွယ်
ချစ်တာပို စေတနာအမေးရယ်က
ကိုယ့်အပြုံးကိုချိုစေတဲ့ အတွေး။
ဟန်ပိုတာ မူနွဲ့နွဲ့လေးရယ်
ဘယ်အတွက် မုဒိတာပွားစေမယ်
ပြောစမ်းပါ ကိုယ်နားသွင်းချင်လို့
အတည်ကြည်သစ္စာစကားကိုမှ
ကြားချင်မိယုံရက်သူရယ်က
ပို့လိုက်မယ်ကွဲ့ အဝေး...........။




2 comments:

  1. "ယုံရက်သူ"
    ကဗျာလေးကို-- ရင်ထဲကနေ ခံစားသွားပါတယ်--

    ReplyDelete
  2. ဒီကဗျာလေးကိုတော့ ကြိုက်တယ်ဗျ
    ကာရန်မလွတ်တော့ဖတ်ရတာ အရသာရှိတယ်
    မော်ဒန်ကဗျာတွေတော့ ခံစားလို့ရပေမဲ့ သိပ်နားမလည်ဘူးဗျ ဟိဟိ

    ReplyDelete

ဝေဖန်စကားလေးပြောပေးကြပါနော်.........